တ​ရား​ဟော 31:5-11 BCL

5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ထို​သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​ခွင့်​ပေး​တော်​မူ​မည် ဖြစ်​၍ ငါ​မှာ​ကြား​သည့်​အ​တိုင်း​သူ​တို့​ကို စီ​ရင်​ရ​မည်။-

6 အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ ထို လူ​မျိုး​တို့​ကို​မ​ကြောက်​ရွံ့​ကြ​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင်​တို့ ကို​မု​ချ​ကူ​မ​တော်​မူ​မည်။ စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်'' ဟူ​၍​ဖြစ်​၏။

7 ထို့​နောက်​မော​ရှေ​သည်​ယော​ရှု​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့ တွင်​သူ့​အား``သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့် ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​ရန်​သင်​သည်​ဤ သူ​တို့​ကို​ဦး​ဆောင်​ရ​မည်။-

8 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​သင့်​အား​ဦး ဆောင်​၍ သင်​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင့်​အား မု​ချ​ကူ​မ​တော်​မူ​မည်။ သင့်​ကို​စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်။ ထို့​ကြောင့်​သင်​သည်​အား မ​လျှော့​နှင့်။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်'' ဟု​မှာ ကြား​လေ​၏။

9 သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-

10 ထို့​နောက်​မော​ရှေ​က​သူ​တို့​အား``ခု​နစ်​နှစ် လျှင်​တစ်​ကြိမ်​ကျ​ရောက်​သော​ကြွေး​မြီ​များ ကို​လျှော်​ပစ်​သည့်​နှစ်​တွင်​တဲ​နေ​ပွဲ​တော်​ရက် အ​တွင်း ဤ​ပ​ညတ်​တ​ရား​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ် ပြ​ရ​မည်။-

11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ ဤ​ပညတ်​တ​ရား​တော်​ကို​ဖတ်​ပြ ရ​မည်။-