33 မြွေအဆိပ်တောက်သောစပျစ်ရည် ကဲ့သို့လည်းကောင်းဖြစ်ကြ၏။
34 ``ထာဝရဘုရားသည်သူတို့၏ရန်သူများ ပြုလုပ်သမျှကိုသိမြင်တော်မူသဖြင့်၊သူတို့အားဒဏ်ခတ်ရန်အချိန်ကိုစောင့်ဆိုင်း နေတော်မူ၏။
35 ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။သူတို့ပျက်စီးရသောအချိန်နီးပြီ။
36 ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါသူတို့အားကယ်တင်တော်မူလိမ့်မည်။ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါသူတို့အားကရုဏာပြတော်မူလိမ့်မည်။
37 ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား`သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
38 သင်တို့သည်ထိုဘုရားများအားယဇ်ကောင် မှအဆီ အဥနှင့်စပျစ်ရည်ကိုပူဇော်ဆက်သခဲ့ကြပြီ။ထိုဘုရားများသည်ယခုကြွလာ၍သင်တို့ အား ကူမပါလေစေ။အမြန်ကြွလာ၍ကယ်တင်ပါလေစေ။
39 `` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။အသက်ကိုပေးပိုင်၏။ငါသည်ဒဏ်ရာရစေနိုင်၏။ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။