တ​ရား​ဟော 32:44-50 BCL

44 မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။

45 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊-

46 ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-

47 ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။

48 ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

49 ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-

50 သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။-