တ​ရား​ဟော 32:47-52 BCL

47 ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။

48 ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

49 ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-

50 သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။-

51 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-

52 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။