တ​ရား​ဟော 33:26-29 BCL

26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား သခင်​နှင့် နှိုင်း​ယှဉ်​အပ်​သော​အ​ခြား​ဘုရား​မ​ရှိ။ကိုယ်​တော်​သည်​ဘုန်း​ကျက်​သ​ရေ​ကို​ဆောင်​လျက်မိုး​တိမ်​ကို​စီး​၍၊ကောင်း​ကင်​ကို​ဖြတ်​ကျော်​ပြီး​လျှင် သင်​တို့​ကို​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၏။

27 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။

28 သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။

29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ထာ​ဝရ​ဘု​ရား​သင်​တို့​ကို​ကယ်​တင်​သော​ကြောင့် သင်​တို့​သည်​ထူး​ခြား​သည့်​လူ​မျိုး​ဖြစ်​သည်။သင်​တို့​ကို​ကာ​ကွယ်​ရန်​နှင့်​ရန်​သူ​ကို​အောင် မြင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်သင်​တို့​၏​ဒိုင်း​လွှား​သင်​တို့​၏​ဋ္ဌား​ဖြစ်​တော် မူ​၏။သင်​တို့​၏​ရန်​သူ​တို့​သည်​အ​သ​နား​ခံ​ရန် သင်​တို့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ထို​အ​ခါ​သင်​တို့​သည်​သူ​တို့​ကို​နင်း​ချေ ကြ​လိမ့်​မည်။