1 မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
2 ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သိနာတောင်ပေါ်တွင်ငါတို့နှင့်ပဋိညာဉ် ပြုတော်မူ၏။-
3 ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
4 ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
5 သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
6 ``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'