10 သို့ရာတွင်ကိုယ်တော်ကိုမုန်းသောသူတို့ အားချက်ချင်းဒဏ်ခတ်တော်မူမည်။-
11 ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။''
12 ``သင်တို့သည်ဤပညတ်တို့ကိုတစ်သဝေမတိမ်း လိုက်နာလျှင် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ဘိုးဘေးတို့အားကတိထားတော် မူသည့်အတိုင်းပဋိညာဉ်ကိုဆက်လက်တည် စေ၍ ခိုင်မြဲသောမေတ္တာကိုပြတော်မူလိမ့်မည်။-
13 ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-
14 သင်တို့သည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ထက် ကောင်းချီးမင်္ဂလာပို၍ခံစားရလိမ့်မည်။ သင်တို့တွင်မြုံသောသူ၊ သားမပေါက်သော တိရစ္ဆာန်မရှိစေရ။-
15 ထာဝရဘုရားသည်သင်တို့အားရောဂါ ဘေးအမျိုးမျိုးမှကာကွယ်တော်မူလိမ့်မည်။ အီဂျစ်ပြည်တွင်သင်တို့တွေ့မြင်ခဲ့ရသော ရောဂါဆိုးဘေးမသင့်စေရ။ သို့သော်သင် တို့၏ရန်သူဟူသမျှမူကား ရောဂါဆိုး ဘေးသင့်လိမ့်မည်။-
16 သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။''