တ​ရား​ဟော 8:17-20 BCL

17 ထို့​ကြောင့်​သင်​တို့​၏​အစွမ်း​သတ္တိ​ဖြင့်​ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​သည်​ဟူ​၍​မ​ထင်​မ​မှတ် နှင့်။-

18 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-

19 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဆည်း ကပ်​ဝတ်​ပြု​ခြင်း​မ​ပြု​နှင့်။ ထို​သို့​ပြု​လျှင်​သင် တို့​သည်​မု​ချ​ပျက်​စီး​ဆုံး​ပါး​ရ​မည်​ဖြစ် ကြောင်း သင်​တို့​အား​ငါ​ယ​နေ့​သ​တိ​ပေး​၏။-

20 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော် ကို​နား​မ​ထောင်​လျှင် သင်​တို့​ချီ​တက်​သည့်​အ​ခါ သင်​တို့​ကို​ခု​ခံ​တိုက်​ခိုက်​သော​လူ​မျိုး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သေ​ကြေ​ပျက်​စီး​စေ​သ​ကဲ့ သို့ သင်​တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော် မူ​မည်။''