ထွက်​မြောက် 10:16-22 BCL

16 ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-

17 ယ​ခု​တစ်​ကြိမ်​ငါ​၏​အ​ပြစ်​ကို​လွှတ်​၍ ဤ​ကပ်​ဆိုး​ကြီး​ကို​ဖယ်​ရှား​ပေး​ရန် သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့'' ဟု​ဆို​လေ​၏။-

18 မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။-

19 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-

20 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။

21 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

22 မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။-