ထွက်​မြောက် 10:1-2-5 BCL

1-2 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် သည်​ဘု​ရင်​ထံ​သို့​သွား​လော့။ ငါ​သည်​အံ့​ဖွယ် သော​အ​မှု​တို့​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​တွင် ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​အား​ပြ​သည့် အံ့​ဖွယ်​သော​အ​မှု​များ​အ​ကြောင်း​ကို သင် တို့​၏​သား​မြေး​တို့​အား​ပြော​ပြ​နိုင်​ခြင်း ငှာ​လည်း​ကောင်း ငါ​သည်​ဘု​ရင်​နှင့်​သူ​၏ မှူး​မတ်​တို့​ကို​ခေါင်း​မာ​စေ​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​သင်​တို့ အား​လုံး​သိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

3 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-

4 သင်​သည်​ငါ​၏​လူ​မျိုး​တော်​တို့​အား​သွား​ခွင့် မ​ပေး​လျှင် နက်​ဖြန်​နေ့​၌​ငါ​သည်​သင်​၏​တိုင်း ပြည်​တွင်​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ မည်။-

5 ထို​ကျိုင်း​ကောင်​တို့​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​မည်။ ယင်း​တို့​သည်​မိုး​သီး​ဒဏ်​ကြောင့် မ​ပျက်​စီး​ဘဲ​ကျန်​ရှိ​သ​မျှ​ကို​ကိုက်​စား ကြ​လိမ့်​မည်။ အ​ပင်​ရှိ​သ​မျှ​တို့​ကို​လည်း စား​ပစ်​ကြ​လိမ့်​မည်။-