ထွက်​မြောက် 15:10-16 BCL

10 သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။

11 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။

12 ကိုယ်​တော်​သည်​လက်​ယာ​လက်​ကို​ဆန့်​တော်​မူ သ​ဖြင့်၊မြေ​ကြီး​သည်​အ​ကျွန်ုပ်​တို့​၏​ရန်​သူ​တို့ ကို​မျို​ပါ​၏။

13 က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​သည် မိ​မိ​ရွေး​နုတ်​သော​လူ​မျိုး​ကို​ပို့​ဆောင်​တော် မူ​၏။ကိုယ်​တော်​၏​တန်​ခိုး​တော်​ဖြင့်​သူ​တို့​အား ပြည်​တော်​သို့​လမ်း​ပြ​တော်​မူ​၏။

14 လူ​မျိုး​အ​ပေါင်း​တို့​သည်​ထို​သ​တင်း​ကို​ကြား​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​ကြ​၏။

15 ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။

16 ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့်ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သောကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။