ထွက်​မြောက် 15:15-21 BCL

15 ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။

16 ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့်ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သောကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။

17 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။

18 ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​မြဲ စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။''

19 ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။

20 အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-

21 မိ​ရိ​အံ​က၊``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကိုပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။