ထွက်​မြောက် 15:17-23 BCL

17 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။

18 ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​မြဲ စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။''

19 ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။

20 အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-

21 မိ​ရိ​အံ​က၊``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကိုပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။

22 ထို​နောက်​မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ကို ပင်​လယ်​နီ​မှ​ရှု​ရ​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​လေ​၏။ သူ​တို့​သည် တော​ကန္တာ​ရ​ထဲ​တွင်​သုံး​ရက်​ခ​ရီး​သွား​ခဲ့ ရ​သော်​လည်း​လမ်း​တွင်​ရေ​ကို​မ​တွေ့​ရ။-

23 ထို​နောက်​မာ​ရ​ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက် ရှိ​လာ​ကြ​ရာ ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ရေ​ခါး​ထွက်​သ​ဖြင့်​ထို အ​ရပ်​ကို​မာ​ရ​ဟု​ခေါ်​တွင်​လေ​၏။-