ထွက်​မြောက် 15:24-27 BCL

24 သူ​တို့​သည်​မောရှေ​အား``အ​ကျွန်ုပ်​တို့​ရေ​ငတ် ၍ သေ​ရ​ပါ​တော့​မည်'' ဟု​ညည်း​ညူ​ကြ​၏။-

25 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​သစ်​တုံး​တစ်​တုံး​ကို​ညွှန်​ပြ တော်​မူ​၏။ သူ​သည်​သစ်​တုံး​ကို​ရေ​ထဲ​သို့ ပစ်​ချ​လိုက်​သော​အ​ခါ​ရေ​ခါး​သည်​ရေ​ချို ဖြစ်​လာ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​ရပ်​တွင် သူ​တို့ အား​ကျင့်​သုံး​ရန်​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း ၍ ထို​အ​ရပ်​၌​ပင်​သူ​တို့​နား​ထောင်​ခြင်း​ရှိ၊ မ​ရှိ​ကို​စစ်​ဆေး​တော်​မူ​၏။-

26 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

27 ထို​နောက်​သူ​တို့​သည် စမ်း​ရေ​တွင်း​တစ်​ဆယ့် နှစ်​တွင်း​နှင့်​စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​ရှိ​ရာ ဧ​လိမ်​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကြ​၍​ရေ ရှိ​ရာ​အ​နီး​တွင်​စ​ခန်း​ချ​ကြ​၏။