ထွက်​မြောက် 16:14-20 BCL

14 နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။-

15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။-

16 လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မိန့် တော်​အ​တိုင်း​စု​သိမ်း​ကြ​ရာ​၌​အ​ချို့​တို့ က​ပို​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လျော့ ၍​လည်း​ကောင်း​စု​သိမ်း​ကြ​၏။-

18 သို့​ရာ​တွင်​တောင်း​နှင့်​ခြင်​ကြည့်​သော​အ​ခါ ပို ၍​စု​သိမ်း​သူ​က​များ​များ​မ​ပို၊ လျော့​၍​စု သိမ်း​သူ​လည်း​များ​များ​မ​လျော့​ဘဲ​ရ​ရှိ ကြ​၏။ အ​သီး​သီး​မိ​မိ​လို​သ​မျှ​စု​သိမ်း ရ​ရှိ​လေ​၏။-

19 မော​ရှေ​က​သူ​တို့​အား``မည်​သူ​မျှ​နက်​ဖြန် နေ့​အ​တွက်​ချန်​မ​ထား​ရ'' ဟု​မှာ​ကြား​၏။-

20 သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-