ထွက်​မြောက် 16:31-36 BCL

31 ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-

32 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-

33 ထို​နောက်​မော​ရှေ​က​အာရုန်​ကို``မန္န​မုန့်​တစ် ပြည်​ကို​အိုး​တစ်​လုံး​တွင်​ထည့်​၍ ငါ​တို့ ၏​နောင်​လာ​နောက်​သား​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ထား​လော့'' ဟု​ဆို​၏။-

34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​ကို မိန့်​ကြား​သည့် အ​တိုင်း အာ​ရုန်​သည်​ထို​အိုး​ကို​သိမ်း​ဆည်း ထား​ရန်​အ​တွက်​ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင် ချ​ထား​လေ​၏။-

35 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ နေ​ထိုင်​မည့်​ပြည်​သို့​ရောက်​သည့်​တိုင်​အောင် မန္န​မုန့်​ကို​နှစ်​ပေါင်း​လေး​ဆယ်​စား​သုံး​ရ ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်​နယ်​စပ် သို့​ရောက်​သည်​အ​ထိ​မန္န​မုန့်​ကို​စား​ရ ကြ​၏။-

36 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ချင်​ခွက် ဖြစ်​သော​တစ်​သြ​မဲ​မှာ​ပြည်​ဝက်​ခန့် ဖြစ်​၏။)