2 ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
3 သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
4 ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
5 ထာဝရဘုရားက မောရှေကို``သင်နှင့်ဣသ ရေလအမျိုးသားခေါင်းဆောင်အချို့တို့သည် လူအပေါင်းတို့ကိုဦးဆောင်၍ရှေ့သို့သွား လော့။ နိုင်းမြစ်ကိုရိုက်သောတောင်ဝှေးကိုယူ ၍သွားလော့။-
6 သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
7 ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။
8 အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-