ထွက်​မြောက် 17:6-12 BCL

6 သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။

7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။

8 အာ​မ​လက်​အ​မျိုး​သား​တို့​သည် ရေ​ဖိ​ဒိမ် အ​ရပ်​သို့​လာ​ရောက်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ကြ​၏။-

9 မော​ရှေ​က​ယော​ရှု​အား``သင်​သည်​နက်​ဖြန်​နေ့ တွင်​အာ​မ​လက်​အ​မျိုး​သား​တို့​ကို​စစ်​ချီ တိုက်​ခိုက်​ရန်​လူ​အ​ချို့​ကို​ရွေး​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အပ်​နှင်း​ထား​တော်​မူ​သော တောင်​ဝှေး​ကို​ကိုင်​လျက် တောင်​ထိပ်​ပေါ်​တွင် ရပ်​နေ​မည်'' ဟု​ဆို​၏။-

10 ယော​ရှု​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​ရန် စစ်​ချီ​သွား​နေ​စဉ်​မော​ရှေ၊ အာ​ရုန်​နှင့်​ဟု​ရ တို့​သည်​တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။-

11 မော​ရှေ​သည်​မိ​မိ​၏​လက်​များ​ကို​မြှောက်​ထား သည့်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက် က​စစ်​ရေး​သာ​၏။ သူ​၏​လက်​များ​ကို​ချ​သည့် အ​ခါ​အာ​မ​လက်​အ​မျိုး​သား​တို့​ဘက်​က စစ်​ရေး​သာ​၏။-

12 မော​ရှေ​၏​လက်​များ​ညောင်း​လာ​သော​အ​ခါ အာ​ရုန်​နှင့်​ဟု​ရ​တို့​သည် မော​ရှေ​အား​ကျောက် တုံး​တစ်​ခု​ပေါ်​တွင်​ထိုင်​စေ​ပြီး​လျှင် တစ်​ဘက် စီ​၌​ရပ်​လျက်​မော​ရှေ​၏​လက်​များ​ကို​ချီ​ပင့် ထား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​မော​ရှေ​၏ လက်​များ​ကို​နေ​ဝင်​သည့်​တိုင်​အောင်​ချီ​ပင့် ထား​ကြ​သည်​ဖြစ်​ရာ၊-