9 ယေသရောသည်အီဂျစ်အမျိုးသားများ လက်မှ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် သတင်းကိုကြားရလျှင် အလွန်ဝမ်းသာ အားရဖြစ်လေ၏။-
10 ယေသရောက``အီဂျစ်အမျိုးသားတို့နှင့် အီဂျစ်ဘုရင်၏လက်မှ သင်တို့ကိုကယ်တင် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကျွန်ဘဝမှမိမိလူမျိုး တော်အား ကယ်တင်တော်မူသောထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။-
11 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
12 ထိုနောက်ယေသရောသည်ထာဝရဘုရား အားပူဇော်ရန် မီးရှို့ရာယဇ်နှင့်အခြားပူ ဇော်ရာယဇ်များကိုဆောင်ခဲ့၏။ အာရုန်နှင့် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့သည်ယေသရောနှင့်အတူ ထာဝရဘုရား ၏ရှေ့တော်၌အစားအစာသုံးဆောင်ရန် လာကြ၏။
13 နောက်တစ်နေ့တွင်မောရှေသည်လူတို့၏ အမှုအခင်းများကို နံနက်ချိန်မှစ၍ မိုးချုပ်သည့်တိုင်အောင်စီရင်ရသည်။-
14 လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။
15 မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-