ထွက်​မြောက် 19:14-20 BCL

14 ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။-

15 မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။

16 တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-

17 ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန်​မော​ရှေ​သည် လူ​တို့​ကို​စ​ခန်း​မှ​ခေါ်​ဆောင်​လာ​သ​ဖြင့်၊ သူ​တို့​သည်​တောင်​ခြေ​၌​ရပ်​နေ​ကြ​၏။-

18 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-

19 တံ​ပိုး​မှုတ်​သံ​သည်​လည်း​ပို​၍​ကျယ်​လာ​၏။ မော​ရှေ​လျှောက်​ဆို​သည့်​အ​ခါ ဘု​ရား​သခင် သည်​မိုး​ကြိုး​သံ​ဖြင့်​ဖြေ​ကြား​တော်​မူ​၏။-

20 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ထိပ်​ပေါ် သို့​ကြွ​ဆင်း​လာ​၍ မော​ရှေ​အား​တောင်​ထိပ် ပေါ်​သို့​ခေါ်​တော်​မူ​လျှင်​မော​ရှေ​တက်​သွား လေ​၏။-