ထွက်​မြောက် 2:10-17 BCL

10 မင်း​သ​မီး​အား​ပြန်​အပ်​နိုင်​သည့်​အ​ရွယ်​သို့ ရောက်​သော​အ​ခါ၊ မိ​ခင်​သည်​က​လေး​ကို​မင်း သ​မီး​ထံ​သို့​ပြန်​အပ်​ရာ၊ မင်း​သ​မီး​က ထို က​လေး​ငယ်​ကို​သား​အ​ဖြစ်​မွေး​စား​၍``ငါ သည်​သူ​ငယ်​ကို​ရေ​ထဲ​မှ​ထုတ်​ယူ​ရ​သည်'' ဟု ဆို​လျက်​မော​ရှေ​ဟု​နာ​မည်​မှည့်​လေ​၏။

11 ကာ​လ​အ​တန်​ကြာ​၍​မော​ရှေ​သည်​အ​ရွယ် ရောက်​လာ​သော​အ​ခါ၊ သူ​၏​အ​မျိုး​သား​တို့ ထံ​သို့​သွား​ရောက်​လည်​ပတ်​လေ​၏။ သူ​သည် မိ​မိ​၏​အ​မျိုး​သား​များ​ဆင်း​ရဲ​ပင်​ပန်း​စွာ အ​လုပ်​ကြမ်း​လုပ်​နေ​ရ​သည်​ကို​တွေ့​မြင်​ရ​၏။ အီ​ဂျစ်​အ​မျိုး​သား​တစ်​ဦး​က​သူ​၏​အ​မျိုး သား​ဟေ​ဗြဲ​လူ​မျိုး​တစ်​ယောက်​အား​ရိုက်​နှက် နေ​သည်​ကို​မြင်​ရ​သော​အ​ခါ၊-

12 သူ​သည်​ဟို​ဟို​သည်​သည်​ကြည့်​၍ မည်​သူ​တစ် စုံ​တစ်​ယောက်​ကို​မျှ​မ​မြင်​ရ​လျှင်၊ အီ​ဂျစ် အ​မျိုး​သား​ကို​သတ်​၍​အ​လောင်း​ကို​သဲ​ထဲ ၌​မြှုပ်​ထား​ခဲ့​လေ​သည်။-

13 နောက်​တစ်​နေ့​တွင်​သူ​သည်​ထွက်​လာ​ပြန်​ရာ ဟေ​ဗြဲ​အ​မျိုး​သား​နှစ်​ယောက်​တို့​သည် အ​ချင်း ချင်း​ရိုက်​ပုတ်​ထိုး​သတ်​နေ​ကြ​သည်​ကို​မြင် ရ​လေ​၏။ သူ​က​မ​တ​ရား​သ​ဖြင့်​ပြု​ကျင့်​နေ သူ​အား``သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​အ​မျိုး သား​ချင်း​ကို​ရိုက်​နှက်​နေ​ရ​သ​နည်း'' ဟု​မေး လေ​၏။

14 ထို​သူ​က``ငါ​တို့​အ​မှု​ကို​စီ​ရင်​ရန်​မည်​သူ က သင့်​အား​တ​ရား​သူ​ကြီး​အ​ဖြစ်​ခန့်​ထား သ​နည်း။ သင်​သည်​အီ​ဂျစ်​အ​မျိုး​သား​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​ချင်​သေး​သ​လော'' ဟု​ပြန်​ပြော​လေ​၏။ ထို​အ​ခါ​မော​ရှေ​သည်​မိ​မိ ပြု​လုပ်​ခဲ့​သော​အ​မှု​ကို​လူ​တို့​သိ​ကုန်​ကြ ပြီ​ဟူ​၍​ဆို​လျက်​ထိတ်​လန့်​လေ​၏။-

15-16 ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။-

17 သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။-