15-16 ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
17 သို့ရာတွင်သိုးထိန်းအချို့တို့သည်ယေသရော ၏သမီးတို့ကိုနှင်ပစ်လေ၏။ ထိုအခါမောရှေ သည်အမျိုးသမီးတို့ကိုကူညီသည့်အနေ ဖြင့်၊ သူတို့၏သိုးနှင့်ဆိတ်များကိုသူကိုယ် တိုင်ရေတိုက်လေ၏။-
18 အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။
19 သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။
20 ဖခင်က``ထိုသူယခုအဘယ်မှာရှိသနည်း။ အဘယ်ကြောင့်သူ့ကိုထားခဲ့ကြသနည်း။ သူ့ ကိုဧည့်ဝတ်ပြုရန်သွား၍ဖိတ်ခေါ်လော့'' ဟု စေခိုင်းလေ၏။
21 မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။-
22 ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။