ထွက်​မြောက် 21:15-21 BCL

15 ``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။

16 ``လူ​တစ်​ယောက်​ကို​ရောင်း​စား​ရန်​ဖြစ်​စေ၊ မိ​မိ ထံ​၌​ကျွန်​စေ​စား​ရန်​ဖြစ်​စေ​အ​ဋ္ဌမ္မ​ဖမ်း​ဆီး သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။

17 ``မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​ခံ စေ​ရ​မည်။

18 ``လူ​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ရာ​၌​တစ် ယောက်​သော​သူ​က အ​ခြား​တစ်​ယောက်​အား ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ လက်​သီး​နှင့်​ဖြစ်​စေ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​သက်​မ​သေ​ဘဲ၊ အ​ကယ်​၍​အ​ရိုက်​ခံ​ရ​သူ​သည်​အိပ်​ရာ​ထဲ ၌​နေ​ရ​လျှင်​သော်​လည်း​ကောင်း၊-

19 ထ​၍​တောင်​ဝှေး​ဖြင့်​လမ်း​လျှောက်​နိုင်​လျှင် သော်​လည်း​ကောင်း၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ၊ ထို​သူ​အ​လုပ်​ပျက်​သည့်​အ​ချိန် အ​တွက် ဒဏ်​ရာ​ရ​စေ​သူ​က​လျော်​ကြေး​ကို ပေး​၍၊ အ​နာ​ပျောက်​ကင်း​သည့်​အ​ချိန်​အ​ထိ ဒဏ်​ရာ​ရ​သူ​အား​တာ​ဝန်​ယူ​စောင့်​ရှောက် ရ​မည်။

20 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကျွန်​ယောကျာ်း ကို​ဖြစ်​စေ၊ ကျွန်​မိန်း​မ​ကို​ဖြစ်​စေ​တုတ်​နှင့် ရိုက်​သ​ဖြင့်၊ ထို​ကျွန်​သေ​လျှင်​ထို​သူ​သည် အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။-

21 သို့​ရာ​တွင်​ထို​ကျွန်​သည်​တစ်​ရက်​နှစ်​ရက်​မျှ နာ​လျက်​မ​သေ​လျှင်၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်​ဟူ သည်​မှာ​သ​ခင်​ပိုင်​ပစ္စည်း​မျှသာ​ဖြစ်​သော ကြောင့်​တည်း။