ထွက်​မြောက် 21:21-27 BCL

21 သို့​ရာ​တွင်​ထို​ကျွန်​သည်​တစ်​ရက်​နှစ်​ရက်​မျှ နာ​လျက်​မ​သေ​လျှင်၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်​ဟူ သည်​မှာ​သ​ခင်​ပိုင်​ပစ္စည်း​မျှသာ​ဖြစ်​သော ကြောင့်​တည်း။

22 ``လူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ကိုယ်​ဝန်​ဆောင်​မိန်း​မ​ကို​ထိ​ခိုက်​မိ​သ​ဖြင့် ကိုယ် ဝန်​ပျက်​သော်​လည်း​ဒဏ်​ရာ​မ​ရ​စေ​လျှင်၊ ထိ ခိုက်​နာ​ကျင်​စေ​သော​သူ​က​ထို​မိန်း​မ​၏​လင် ယောကျာ်း​တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို တ​ရား​သူ​ကြီး​များ​၏​သ​ဘော​တူ​ညီ​ချက် ဖြင့်​ပေး​ရ​မည်။-

23 သို့​ရာ​တွင်​မိန်း​မ​အား​အ​နာ​တ​ရ​ဖြစ်​စေ​လျှင် အ​သက်​အ​စား​အ​သက်၊-

24 မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား၊ လက်​အ​စား​လက်၊ ခြေ​အ​စား​ခြေ၊-

25 မီး​လောင်​ခြင်း​အ​စား​မီး​လောင်​ခြင်း၊ ထိ​ရှ ခြင်း​အ​စား​ထိ​ရှ​ခြင်း၊ ဒဏ်​ရာ​အ​စား​ဒဏ် ရာ​ကို​ခံ​စေ​ရ​မည်။

26 ``သ​ခင်​က​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ ၏​မျက်​စိ​ကို​ရိုက်​သ​ဖြင့် မျက်​စိ​ပျက်​လျှင်​မျက်​စိ အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ်​မြောက် ခွင့်​ပေး​စေ။-

27 သ​ခင်​က​ကျွန်​ကို​ရိုက်​၍​ကျွန်​၏​သွား​ကျိုး​လျှင် သွား​အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ် မြောက်​ခွင့်​ပေး​စေ။