ထွက်​မြောက် 21:29-35 BCL

29 အ​ကယ်​၍​နွား​သည်​လူ​ကို​ဝှေ့​တတ်​ကြောင်း နွား ပိုင်​ရှင်​အား​သ​တိ​ပေး​ပါ​လျက်​နှင့်​ချည်​နှောင် ၍​မ​ထား​သော​ကြောင့် လူ​တစ်​ယောက်​ကို​ဝှေ့ သတ်​ခဲ့​လျှင်​ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍ သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း​သေ​ဒဏ်​ပေး​ရ မည်။-

30 အ​ကယ်​၍​နွား​ပိုင်​ရှင်​သည်​မိ​မိ​အ​သက် ချမ်း​သာ​ရန်​အ​တွက်​လျော်​ကြေး​ပေး​ခွင့် ရ​လျှင် တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို​ပေး ဆောင်​ရ​မည်။-

31 နွား​သည်​ယောကျာ်း​က​လေး​သို့​မ​ဟုတ်​မိန်း က​လေး​တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် ထို​နည်း အ​တိုင်း​စီ​ရင်​ရ​မည်။-

32 နွား​သည်​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် နွား​ပိုင်​ရှင်​က​ကျွန် ပိုင်​ရှင်​အား​ငွေ​သား​သုံး​ဆယ်​လျော်​ကြေး​ပေး ဆောင်​ရ​မည်။ နွား​ကို​လည်း​ကျောက်​ခဲ​နှင့်​ပစ် သတ်​ရ​မည်။

33 ``လူ​တစ်​ဦး​သည်​တွင်း​တူး​၍​မ​ဖုံး​ဘဲ​ထား သ​ဖြင့် နွား​သို့​မ​ဟုတ်​မြည်း​တစ်​ကောင်​ထို​တွင်း သို့​ကျ​လျှင်၊-

34 ပိုင်​ရှင်​အား​တိ​ရစ္ဆာန်​အ​သေ​ကောင်​အ​တွက် လျော်​ကြေး​ပေး​ဆောင်​၍​တိ​ရစ္ဆာန်​အ​သေ ကောင်​ကို​ပိုင်​စေ။-

35 လူ​တစ်​ဦး​၏​နွား​က​အ​ခြား​လူ​တစ်​ဦး​၏​နွား ကို​ဝှေ့​သတ်​လျှင် အ​သက်​ရှင်​သော​နွား​ကို​ရောင်း ၍​နွား​ပိုင်​ရှင်​နှစ်​ဦး​က​ငွေ​ကို​ခွဲ​ဝေ​ယူ​ရ​မည်။ နွား​သေ​၏​အ​သား​ကို​လည်း​ခွဲ​ဝေ​ယူ​ရ​ကြ မည်။-