ထွက်​မြောက် 21:9-15 BCL

9 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-

10 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ဒု​တိ​ယ​မိန်း​မ တစ်​ယောက်​နှင့်​စုံ​ဖက်​လျှင် ပ​ထ​မ​ဇ​နီး​သည် အ​စား​အ​စာ၊ အ​ဝတ်​အ​ထည်​နှင့်​အ​ခွင့် အ​ရေး​တို့​ကို​ယ​ခင်​အ​တိုင်း​ရ​ရှိ​စေ​ရ မည်။-

11 အ​ဆို​ပါ​ဝတ္တ​ရား​များ​ပျက်​ကွက်​ခဲ့​လျှင်​သူ သည်​ငွေ​အ​လျော်​မ​တောင်း​ဘဲ ထို​မိန်း​မ​ကို လွတ်​မြောက်​ခွင့်​ပေး​ရ​မည်။

12 ``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-

13 သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-

14 သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။

15 ``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။