1 ``လူတစ်ဦးသည်နွား၊ သို့မဟုတ်သိုးတစ် ကောင်ကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည် ဖြစ်စေနွားတစ်ကောင်အတွက်နွားငါးကောင်၊ သိုးတစ်ကောင်အတွက်သိုးလေးကောင်ကို အစားလျော်ရမည်။-
2-4 သူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။
5 ``လူတစ်ဦးသည်မိမိ၏တိရစ္ဆာန်များကို လယ် သို့မဟုတ်စပျစ်ဥယျာဉ်ထဲတွင်ထိန်းကျောင်း နေစဉ် သူတစ်ပါး၏လယ်ထဲသို့ကူးကျော် ကျက်စားစေလျှင်၊ မိမိ၏လယ်သို့မဟုတ် စပျစ်ဥယျာဉ်မှထွက်သောအကောင်းဆုံး အသီးအနှံဖြင့်အစားလျော်စေရမည်။
6 ``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။-
7 လူတစ်ဦးကအခြားလူတစ်ဦးထံ၌၊ ငွေ သို့မဟုတ်အဖိုးတန်ပစ္စည်းများကိုအပ်နှံ ထားသောအခါ၊ ထိုပစ္စည်းများခိုးယူခြင်း ခံရသော်ခိုးသူကိုမိလျှင် ခိုးသူကနှစ်ဆ ပြန်လျော်စေရမည်။-
8 ခိုးသူကိုမမိလျှင်မူကား၊ ပစ္စည်းအပ်နှံခြင်း ခံရသူသည် ကိုယ်တိုင်ပစ္စည်းကိုခိုးသည်၊ မခိုး သည်သိနိုင်ရန်သူ့ကိုထာဝရဘုရား၏ရှေ့ တော်သို့ခေါ်ဆောင်၍ကျိန်ဆိုစေရမည်။