ထွက်​မြောက် 22:15-21 BCL

15 သို့​ရာ​တွင်​ပိုင်​ရှင်​ရှေ့​၌​ဒဏ်​ရာ​ရ​သေ​ဆုံး​ခဲ့ သော်​ငှား​သူ​က​မ​လျော်​ရ။ အ​ကယ်​၍​တိ​ရစ္ဆာန် ကို​အ​ခ​နှင့်​ငှား​လျှင်၊ ဒဏ်​ရာ​ရ​သေ​ဆုံး​မှု အ​တွက်​ပိုင်​ရှင်​အား​လျော်​ရန်​မ​လို။ ငှား​ခ ကို​သာ​ပေး​စေ​ရ​မည်။

16 ``လူ​တစ်​ဦး​သည်​စေ့​စပ်​ကြောင်း​လမ်း​၍​မ​ထား သော​မိန်း​မ​ပျို​တစ်​ယောက်​ကို​သွေး​ဆောင်​ပေါင်း သင်း​ခဲ့​လျှင်၊ သူ​သည်​မင်္ဂ​လာ​လက်​ဖွဲ့​ကြေး​ပေး ၍​ထို​မိန်း​မ​ကို​လက်​ထပ်​ယူ​ရ​မည်။-

17 အ​ကယ်​၍​မိန်း​မ​ပျို​၏​ဖ​ခင်​က​ထို​သူ​နှင့် သ​ဘော​မ​တူ​လျှင်၊ သူ​သည်​မိန်း​မ​ပျို​တစ်​ဦး အ​တွက်​တင်​တောင်း​ရ​သော​မင်္ဂလာ​လက်​ဖွဲ့​ကြေး ကို​ဖ​ခင်​အား​ပေး​လျော်​ရ​မည်။

18 ``စုံး​မ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။

19 ``တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သူ​ကို​သေ​ဒဏ်​စီ ရင်​ရ​မည်။

20 ``ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​ကို​ယဇ်​ပူ​ဇော်​သူ​အား​သေ​ဒဏ်​စီ​ရင် ရ​မည်။

21 ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-