ထွက်​မြောက် 22:22-28 BCL

22 မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-

23 သင်​တို့​သည်​ထို​သူ​တို့​ကို​နှိပ်​စက်​သ​ဖြင့်၊ သူ​တို့​က​ငါ့​ထံ​အ​သ​နား​ခံ​လျှင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​မည်။

24 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ကို​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​မည်။ ထို​အ​ခါ​သင်​တို့​၏​မ​ယား တို့​သည်​မု​ဆိုး​မ​ဖြစ်​၍​သင်​တို့​၏​သား​သ​မီး များ​သည်​ဘ​သက်​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။

25 ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-

26 သင်​သည်​တစ်​စုံ​တစ်​ယောက်​ထံ​မှ​ခြုံ​ထည် ကို​အ​ပေါင်​ပစ္စည်း​အ​ဖြစ်​လက်​ခံ​ထား​လျှင်၊ နေ​မ​ဝင်​မီ​သူ့​အား​ပြန်​ပေး​ရ​မည်။-

27 သူ​၏​ကိုယ်​ကို​ခြုံ​စ​ရာ​ဟူ​၍​ထို​ခြုံ​ထည်​တစ်​ခု တည်း​သာ​ရှိ​သည်​ဖြစ်​သော​ကြောင့်​သူ​သည်​ခြုံ စ​ရာ​မ​ရှိ​လျှင်​အ​ဘယ်​သို့​အိပ်​နိုင်​မည်​နည်း။ ငါ​သည်​သ​နား​ကြင်​နာ​သော​အ​ရှင်​ဖြစ်​၍ သူ​သည်​ငါ့​အား​လျှောက်​ထား​သော​အ​ခါ ငါ​နား​ညောင်း​မည်။

28 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော ဆို​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​လူ​မျိုး​ခေါင်း​ဆောင် ကို​မ​ကျိန်​ဆဲ​ရ။