ထွက်​မြောက် 23:16-22 BCL

16 ``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-

17 နှစ်​စဉ်​ဤ​ပွဲ​သုံး​ကြိမ်​ကျင်း​ပ​စဉ်​တွင်​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ရ​မည်။

18 ``ငါ့​အား​ယဇ်​ကောင်​ပူ​ဇော်​သော​အ​ခါ တ​ဆေး ပါ​သော​မုန့်​နှင့်​မ​ပူ​ဇော်​ရ။ ဤ​ပွဲ​တော်​များ​တွင် ငါ့​အား​ပူ​ဇော်​သော​ယဇ်​ကောင်​၏​အ​ဆီ​ကို နောက် တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း​ကျန်​စေ​ရ။

19 ``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။

20 ``ခ​ရီး​လမ်း​တွင်​သင်​တို့​အား​စောင့်​ရှောက်​ရန်​နှင့် ငါ​ပြင်​ဆင်​သော​အ​ရပ်​သို့ သင်​တို့​ကို​ပို့​ဆောင်​ရန် သင်​တို့​ရှေ့​က​ကောင်း​ကင်​တ​မန်​ကို​ငါ​စေ​လွှတ် မည်။-

21 သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။-

22 သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။-