ထွက်​မြောက် 23:26-32 BCL

26 သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။

27 ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-

28 ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

29 ငါ​သည်​ထို​လူ​မျိုး​အား​လုံး​တို့​ကို​တစ်​နှစ် အ​တွင်း​မောင်း​ထုတ်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို သို့​ပြု​မူ​ပါ​မူ တိုင်း​ပြည်​တွင်​လူ​သူ​ကင်း​မဲ့​၍ သား​ရဲ​များ​မင်း​မူ​သ​ဖြင့်​သင်​တို့​အား​အန္တရာယ် ဖြစ်​စေ​မည်။-

30 သင်​တို့​သည်​တိုင်း​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ရန်​လူ​ဦး ရေ​တိုး​ပွား​လာ​သည်​အ​ထိ ငါ​သည်​သူ​တို့​ကို တစ်​စ​တစ်​စ​မောင်း​ထုတ်​မည်။-

31 ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-

32 သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။-