ထွက်​မြောက် 26:13-19 BCL

13 အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။

14 ``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။

15 ``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-

16 ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-

17 ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-

18 တဲ​တော်​တောင်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ်​ဆယ် ကို​ပြု​လုပ်​ရ​မည်။-

19 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-