ထွက်​မြောက် 26:32-37 BCL

32 ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-

33 ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-

34 ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-

35 စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။

36 ``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-

37 ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။