ထွက်​မြောက် 27:17-20 BCL

17 တဲ​တော်​ပတ်​လည်​ရှိ​တိုင်​အား​လုံး​ကို​ငွေ​တန်း​များ ဖြင့်​ဆက်​ထား​၍၊ ချိတ်​များ​ကို​ငွေ​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​လည်း​ကောင်း​ပြု​လုပ် ရ​မည်။-

18 တဲ​တော်​ဝင်း​အ​ကာ​အ​ရံ​သည်​အ​လျား​ပေ​တစ် ရာ့​ငါး​ဆယ်၊ အ​နံ​ခု​နစ်​ဆယ့်​ငါး​ပေ​နှင့်​အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ရ​မည်။ ကန့်​လန့်​ကာ​များ​ကို​ပိတ် ချော​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ ဖြင့်​လည်း​ကောင်း​ပြု​လုပ်​ရ​မည်။-

19 တဲ​တော်​အ​တွက်​အ​သုံး​အ​ဆောင်​ပစ္စည်း​အား လုံး​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​တဲ​တော်​အကာ အရံ​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

20 ``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-