ထွက်​မြောက် 27:2-8 BCL

2 ပလ္လင်​လေး​ထောင့်​တွင်​ဦး​ချို​သဏ္ဌာန်​အ​တက် လေး​ခု​ရှိ​စေ​ရ​မည်။ ထို​ဦး​ချို​တို့​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ရှိ​၍ တစ်​ခု​လုံး​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-

3 ပြာ​နှင့်​အ​ဆီ​ခံ​အိုး၊ ဂေါ်​ပြား၊ အင်​တုံ၊ ချိတ်၊ မီး ကျီး​ခံ​အိုး​အ​စ​ရှိ​သော​ယဇ်​ပလ္လင်​နှင့်​ဆိုင်​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ် ရ​မည်။-

4 ပလ္လင်​အ​တွက်​ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ပြု​လုပ် ရ​မည်။ ထို​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ကြေး​ဝါ ကွင်း​လေး​ကွင်း​တပ်​ဆင်​ရ​မည်။-

5 ပလ္လင်​အမြင့်​ထက်​ဝက်​နေ​ရာ​၌​ဆန်​ခါ​ကို​တပ် ဆင်​ရ​မည်။-

6 ပလ္လင်​ကို​ထမ်း​ရန်​အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း ပိုး​များ​ပြု​လုပ်​၍၊ ထို​ထမ်း​ပိုး​များ​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-

7 ယဇ်​ပလ္လင်​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-

8 တောင်​ပေါ်​တွင်​ငါ​ပြ​သော​ပုံ​စံ​အ​တိုင်း​ယဇ်​ပလ္လင် ကို ဟင်း​လင်း​ပေါက်​ဖြစ်​စေ​ရန်​ပျဉ်​ပြား​ဖြင့်​ပြု လုပ်​ရ​မည်။