ထွက်​မြောက် 27:7-13 BCL

7 ယဇ်​ပလ္လင်​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-

8 တောင်​ပေါ်​တွင်​ငါ​ပြ​သော​ပုံ​စံ​အ​တိုင်း​ယဇ်​ပလ္လင် ကို ဟင်း​လင်း​ပေါက်​ဖြစ်​စေ​ရန်​ပျဉ်​ပြား​ဖြင့်​ပြု လုပ်​ရ​မည်။

9 ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ပိတ်​ချော​ကန့်​လန့် ကာ​တို့​ဖြင့်​ကာ​ရံ​ထား​ရ​မည်။ တောင်​ဘက်​ကိုက် ငါး​ဆယ်​ရှည်​သော​ကန့်​လန့်​ကာ​ဖြင့်​ကာ​ရ​မည်။-

10 ထို​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​တိုင်​နှစ်​ဆယ်၊ ဖိ​နပ်​နှစ်​ဆယ်​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြုလုပ်​၍​တိုင် ချိတ်၊ တိုင်​တန်း​များ​ကို​ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။-

11 မြောက်​ဘက်​တွင်​လည်း​ထို​နည်း​အ​တိုင်း​ကန့်​လန့် ကာ​ချိတ်​ဆွဲ​ရန်​စီ​မံ​လော့။-

12 တဲ​တော်​ဝင်း​အ​နောက်​ဘက်​တွင်​နှစ်​ဆယ့်​ငါး​ကိုက် ရှည်​သော​ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်၊ တိုင်​ဆယ် တိုင်​နှင့်​ဖိ​နပ်​ဆယ်​ခု​ရှိ​စေ​ရ​မည်။-

13 တဲ​တော်​တံ​ခါး​ဝ​တည်​ရှိ​ရာ​အ​ရှေ့​ဘက်​တွင် လည်း၊ နှစ်​ဆယ့်​ငါး​ကိုက်​ရှည်​သော​အကာ​အရံ ရှိ​စေ​ရ​မည်။-