ထွက်​မြောက် 28:17-23 BCL

17 ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-

18 ဒု​တိ​ယ​အ​တန်း​တွင် မြ၊ နီ​လာ၊ စိန်၊-

19 တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊-

20 စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-

21 ဣ​သ​ရေ​လ​တစ်​ဆယ်​နှစ်​မျိုး​ကို​ရည်​ဆောင်​၍ ကျောက်​မျက်​တစ်​ဆယ်​နှစ်​လုံး​တွင်​တစ်​လုံး​စီ ၌ ယာ​ကုပ်​၏​သား​တစ်​ယောက်​စီ​၏​နာ​မည်​ကို ထွင်း​ထား​ရ​မည်။-

22 ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ်​များ​ကို​ပြု​လုပ်​လော့။-

23 ရင်​ဖုံး​အ​ထက်​ထောင့်​စွန်း​များ​တွင်​ချိတ်​တပ် ဆင်​ရန် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​ရ​မည်။-