ထွက်​မြောက် 3:2-8 BCL

2 ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​သည်​ချုံ​တစ်​ခု​အ​လယ်​မှ မီး​တောက် လောင်​နေ​သည့်​မီး​လျှံ​အ​သွင်​ဖြင့်​ထွက်​လာ​၍ မော​ရှေ​အား​ထင်​ရှား​ပြ​၏။ ချုံ​သည်​မီး​တောက် နေ​သော်​လည်း​လောင်​ကျွမ်း​ခြင်း​မ​ရှိ​ကြောင်း မော​ရှေ​တွေ့​မြင်​ရ​၏။-

3 ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။

4 မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို​မြင် တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ချုံ​အ​လယ် မှ``မော​ရှေ၊ မော​ရှေ'' ဟူ​၍​ခေါ်​တော်​မူ​၏။ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏ အ​ရှင်​ဘု​ရား'' ဟု​လျှောက်​လေ​၏။

5 ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။-

6 ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။

7 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-

8 အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-