ထွက်​မြောက် 30:15-21 BCL

15 ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-

16 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

18 ``ကြေး​ဝါ​အောက်​ခြေ​ခံ​သော​ကြေး​ဝါ​အင် တုံ​ကို​ပြု​လုပ်​လော့။ ထို​အင်​တုံ​ကို​ရေ​ဖြည့်​၍၊ ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် ထား​လော့။-

19 အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​မိ​မိ​တို့​၏ ခြေ​လက်​များ​ကို၊ ထို​အင်​တုံ​ရှိ​ရေ​ဖြင့်​ဆေး ကြော​ရ​မည်။-

20 သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​မ​ဝင်​မီ ဖြစ်​စေ၊ ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​မ​ပူ​ဇော်​မီ​ဖြစ်​စေ၊ ထို သို့​ခြေ​လက်​ကို​ဆေး​ကြော​ခြင်း​အား​ဖြင့်၊ အ​သက်​ချမ်း​သာ​ရာ​ရ​မည်။-

21 သူ​တို့​နှင့်​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်၊ ထို​ပ​ညတ်​ကို​အ​မြဲ​လိုက်​နာ​ရ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။