ထွက်​မြောက် 34:29-35 BCL

29 မော​ရှေ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ချပ် ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ဆင်း​လာ​သော​အ​ခါ၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​စ​ကား​ပြော​ခဲ့​ရ သ​ဖြင့်​သူ​၏​မျက်​နှာ​တောက်​ပ​လျက်​ရှိ​၏။ သို့ ရာ​တွင်​သူ​ကိုယ်​တိုင်​မ​သိ။-

30 အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မော​ရှေ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို တွေ့​မြင်​ရ​သော​အ​ခါ၊ သူ​၏​အ​နား​သို့​မ​ချဉ်း ကပ်​ဝံ့​ကြ​ချေ။-

31 သို့​သော်​မော​ရှေ​က​အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို​ခေါ် သ​ဖြင့်၊ သူ​တို့​သည်​မော​ရှေ​ထံ​သို့​ချဉ်း​ကပ် လာ​ကြ​၏။ မော​ရှေ​သည်​လည်း​သူ​တို့​နှင့် စ​ကား​ပြော​လေ​၏။-

32 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​ကြ ၏။ ထို​အ​ခါ​မော​ရှေ​သည်​သိ​နာ​တောင်​ပေါ်​၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​ပ​ညတ် အား​လုံး​ကို​သူ​တို့​အား​ဆင့်​ဆို​လေ​၏။-

33 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စ​ကား​ပြော​ဆို​ပြီး​သော​အ​ခါ၊ သူ​၏ မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​လေ​၏။-

34 မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​နှင့်​စ​ကား​ပြော ရန်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ထဲ​သို့​ဝင်​သည့်​အ​ခါ​တိုင်း​ပ​ဝါ​ကို​ချွတ် ထား​လေ့​ရှိ​၏။ ပြန်​ထွက်​လာ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​မိန့်​ကြား​သ​မျှ​ကို​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လေ့​ရှိ​၏။-

35 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို​မြင်​ကြ ၏။ ထို့​ကြောင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် စကား​ပြော​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ချိန် အ​ထိ​သူ​၏​မျက်​နှာ​ကို​ပဝါ​ဖြင့်​ဖုံး​အုပ် ထား​လေ့​ရှိ​သည်။