ထွက်​မြောက် 36:20-26 BCL

20 သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။-

21 ဘောင်​ခွေ​တစ်​ချပ်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ပေ​နှင့်​အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​၍၊-

22 ဘောင်​ခွေ​များ​ကို​စ​ရွေး​ဖြင့်​ဆက်​စပ်​ထား​၏။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင်​စ ရွေး​ဖော်​ထား​လေ​၏။-

23 တဲ​တော်​တောင်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ် ဆယ်​ကို​လုပ်​၍၊-

24 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ခြေ​ထောက် နှစ်​ခု​ကို​စွပ်​ရန်၊ အောက်​ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ် ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး​ဆယ်​တပ်​ဆင်​၏။-

25 ထို​နည်း​တူ​တဲ​တော်​မြောက်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ်​ဆယ်​ကို​လုပ်​၍၊-

26 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်၊ ငွေ​အောက်​ခံ ခြေ​စွပ်​ခုံ​နှစ်​ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး ဆယ်​တပ်​ဆင်​၏။