ထွက်​မြောက် 37:1-5 BCL

1 ဗေ​ဇ​လေ​လ​သည်​အ​လျား​လေး​ဆယ့်​ငါး လက်​မ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ၊ အ​မြင့် နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​သော​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို၊ အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-

2 သေတ္တာ​တော်​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍၊ သေတ္တာ​တော်​အ​နား​ပတ်​လည်​ကို​ရွှေ​ကွပ် ထား​၏။-

3 သေတ္တာ​တော်​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး ကွင်း​ကို​လုပ်​၍၊ အောက်​ခြေ​လေး​ထောင့်​တွင်၊ နှစ်​ကွင်း​စီ​တပ်​ဆင်​၏။-

4 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။-

5 သေတ္တာ​တော်​ကို​ထမ်း​ရန်​ထမ်း​ပိုး​များ​ကို သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​သွင်း ထား​လေ​သည်။-