1 ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။-
2 သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။-
3 သေတ္တာတော်ကိုသယ်ဆောင်ရန်ရွှေကွင်းလေး ကွင်းကိုလုပ်၍၊ အောက်ခြေလေးထောင့်တွင်၊ နှစ်ကွင်းစီတပ်ဆင်၏။-
4 ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။-
5 သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
6 အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။-
7-8 သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။-