ထွက်​မြောက် 4:1-4 BCL

1 မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။

2 ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။

3 ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။-

4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။-