1 ထာဝရဘုရားကမောရှေအား၊
2 ``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။-
3 တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
4 တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။-
5 နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
6 ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။-