28 သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်-
29 ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။-
30 သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-
31-32 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။-
33 ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။
34 ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
35 ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။-