ထွက်​မြောက် 6:15-21 BCL

15 ရှိ​မောင်​၏​သား​ခြောက်​ယောက်​မှာ​ယ​မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ​နှင့်​ခါ​နာန် အ​မျိုး​သ​မီး​မှ​ဖွား​သော​ရှော​လ​တို့​ဖြစ်​ကြ ၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့​၏​နာ​မည်​များ​ကို ခံ​ယူ​သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ ဖြစ်​ကြ​၏။-

16 လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-

17 ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-

18 ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-

19 မေ​ရာ​ရိ​၏​သား​နှစ်​ယောက်​မှာ​မ​ဟာ​လိ​နှင့် မု​ရှိ​တို့​ဖြစ်​ကြ​၏။ အ​ထက်​ဖော်​ပြ​ပါ​တို့ သည်​လေ​ဝိ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် ကြ​သ​တည်း။

20 အာ​မ​ရံ​သည်​ဖ​ခင်​၏​နှ​မ ယော​ခေ​ဗက်​နှင့် စုံ​ဖက်​၍​ယော​ခေ​ဗက်​သည် သား​အာ​ရုန်​နှင့် မော​ရှေ​တို့​ကို​ဖွား​မြင်​၏။ အာ​မ​ရံ​သည်​တစ် ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက်​ရှည်​၏။-

21 ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-