ထွက်​မြောက် 6:17-23 BCL

17 ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-

18 ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-

19 မေ​ရာ​ရိ​၏​သား​နှစ်​ယောက်​မှာ​မ​ဟာ​လိ​နှင့် မု​ရှိ​တို့​ဖြစ်​ကြ​၏။ အ​ထက်​ဖော်​ပြ​ပါ​တို့ သည်​လေ​ဝိ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် ကြ​သ​တည်း။

20 အာ​မ​ရံ​သည်​ဖ​ခင်​၏​နှ​မ ယော​ခေ​ဗက်​နှင့် စုံ​ဖက်​၍​ယော​ခေ​ဗက်​သည် သား​အာ​ရုန်​နှင့် မော​ရှေ​တို့​ကို​ဖွား​မြင်​၏။ အာ​မ​ရံ​သည်​တစ် ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက်​ရှည်​၏။-

21 ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-

22 သြ​ဇေ​လ​၏​သား​တို့​မှာ​မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တို့​ဖြစ်​ကြ​၏။

23 အာ​ရုန်​သည်​အ​မိ​န​ဒပ်​၏​သ​မီး၊ နာ​ရှုန်​၏ နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်​၍​ဧ​လိ​ရှ​ဘ​သည် သား​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့ ကို​ဖွား​မြင်​၏။-