ထွက်​မြောက် 6:21-27 BCL

21 ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-

22 သြ​ဇေ​လ​၏​သား​တို့​မှာ​မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တို့​ဖြစ်​ကြ​၏။

23 အာ​ရုန်​သည်​အ​မိ​န​ဒပ်​၏​သ​မီး၊ နာ​ရှုန်​၏ နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်​၍​ဧ​လိ​ရှ​ဘ​သည် သား​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့ ကို​ဖွား​မြင်​၏။-

24 ကော​ရ​၏​သား​သုံး​ယောက်​တို့​မှာ​အ​ဿိ​ရ၊ ဧ​လ ကာ​န၊ အ​ဗျာ​သပ်​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် ကော​ရ​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​များ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-

25 အာ​ရုန်​၏​သား​ဧ​လ​ဇာ​သည်​ပု​တျေ​လ​၏ သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်​၍ သူ​သည်​သား ဖိ​န​ဟတ်​ကို​ဖွား​မြင်​၏။ ဤ​သူ​တို့​သည်​လေ​ဝိ မိ​သား​စု​နှင့်​အ​ဆက်​အ​နွယ်​များ​၏​အ​ကြီး အ​ကဲ​များ​ဖြစ်​ကြ​သ​တည်း။

26 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လော့'' ဟု စေ​ခိုင်း​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​သည်​ကား အာ​ရုန်​နှင့်​မော​ရှေ​တို့​ဖြစ်​သ​တည်း။-

27 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည် မှ​ထွက်​ခွင့်​ပေး​ရန် အီ​ဂျစ်​ဘု​ရင်​အား​တောင်း ဆို​သူ​တို့​သည်​ကား​အာ​ရုန်​နှင့်​မော​ရှေ​တို့ ပင်​ဖြစ်​သ​တည်း။