17 ယေရုရှလင်မြို့သားတို့၊ သင်တို့အားရန်သူ များဝိုင်းရံလျက်ရှိကြ၏။ ဤမြို့မှထွက် ခွာရန်သင်တို့၏ဥစ္စာပစ္စည်းများကိုစုသိမ်း ကြလော့။-
18 သင်တို့အားလောက်လွှဲမှလောက်စာလုံးကိုပစ် သကဲ့သို့ ထာဝရဘုရားသည်သင်တို့အား ဤပြည်မှပယ်ထုတ်တော်မူလိမ့်မည်။ သင်တို့ သည်အဖမ်းခံရသောကြောင့်စိတ်ပျက်ကြ လိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏။
19 ယေရုရှလင်မြို့သားတို့က``ငါတို့သည် ပြင်းပြစွာ ဝေဒနာခံရကြပါပြီ။ငါတို့၏အနာများသည်ပျောက်လိမ့်မည် မဟုတ်ပါ။သို့ရာတွင်ဝေဒနာကိုခံနိုင်လိမ့်မည်ဟု ငါတို့ထင်မှတ်ခဲ့ကြပါသည်တကား။
20 ငါတို့၏တဲများသည်ယိုယွင်းပျက်စီးလျက်၊ယင်းတို့ကိုဆွဲထားသည့်ကြိုးများသည်လည်း ပြတ်၍သွားလေပြီ။ငါတို့၏သားသမီးအားလုံးပင်ငါတို့ထံမှ ထွက်ခွာသွားကြပါပြီ။ငါတို့၏တဲများကိုတစ်ဖန်ပြန်၍ထိုးပေးမည့် သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပါ။တဲကန့်လန့်ကာများကိုလည်းတပ်ဆင်ပေးမည့် သူတစ်ဦးတစ်ယောက်မျှမရှိတော့ပါ'' ဟု ဟစ်အော်ကြ၏။
21 ငါက``ငါတို့၏ခေါင်းဆောင်များသည်မိုက်မဲ သူများဖြစ်၍ထာဝရဘုရား၏ပို့ဆောင်လမ်းပြမှုကို မတောင်းမခံကြ။သို့ဖြစ်၍သူတို့သည်အကြံမအောင်ကြဘဲ ငါတို့ အမျိုးသားများသည်ပျံ့လွင့်၍သွားရ ကြခြင်းဖြစ်၏။
22 နားထောင်ကြလော့။ သတင်းတစ်ရပ်ရောက်ရှိလာလေပြီ။မြောက်အရပ်တွင်ထကြွလှုပ်ရှားမှုဖြစ်ပေါ် နေသည်။သူတို့သည်ယုဒမြို့တို့ကိုခွေးအများခို အောင်းရာလူသူကင်းမဲ့ရာအဖြစ်သို့ပြောင်းလဲစေလိမ့် မည်'' ဟုဆို၏။
23 အို ထာဝရဘုရား၊အဘယ်သူမျှမိမိ၏ ကံကြမ္မာကို ဖန်တီး၍မရကြောင်းကျွန်တော်မျိုးသိ ပါ၏။အဘယ်သူမျှမိမိဘဝကိုအစိုးမရပါ။